မန္တလေး  ၂၄  ဖေဖောဝါရီ 

မြန်မာနိုင်ငံမှ သတင်းသမားများအနေဖြင့် တရားရုံး သတင်းမီဒီယာလက်စွဲအပေါ် သိရှိနားလည်ပြီး တရားရုံးများတွင် သတင်းရယူမှု တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ တရားရုံးသတင်းအချက်အလက်ရယူမှုဆိုင်ရာ နားလည်မှုမြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့ရှိ ဆာကူယာဟိုတယ်တွင် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီ ခွဲ က ကျင်းပပြုလုပ်သည်။

 

3399

 

ရှေးဦးစွာ တရားဉပဒေစိုးမိုးမှုမြှင့်တင်ရေးအစီအစဉ်-မြန်မာ မှ Workshop and Event Manager ဒေါ်ခင်ဝင်းမော် နှင့် Internews မှ နည်းပညာဆိုင်ရာ ဦးဆောင်သူ ကိုဇော်ထိုက်တို့က အမှာစကားပြောကြားသည်။ထို့နောက် တက်ရောက်လာသော သတင်းမီဒီသမားများက အပြန်အလှန်မိတ်ဆက်သည်။

၎င်းနောက် Internews မှ အကြီးတန်းမီဒီယာနည်းပြ ဒေါ်ဝေမာသိမ့် က တရားရုံးသတင်းအချက်အလက် ရယူမှုဆိုင်ရာ နားလည်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော် က သတင်းအချက်အလက် ယူရာတွင် စိန်ခေါ်မှုများနှင့် အခက်အခဲများနှင့်ပတ်သက်၍ လည်းကောင်း၊GPS အဖွဲ့အစည်း မှ ဒါရိုက်တာ ဦးသွင်လင်းအောင် က အဖွဲ့အစည်းများတွင် သတင်းအချက်အလက်ရယူမှုနှင့်ပတ်သက်၍ လည်းကောင်း အသီးသီး ဆွေးနွေးပြောကြားသည်။ 

ထို့နောက် ဦးဆောင်ဆွေးနွေးသူများနှင့်တက်ရောက်လာသော သတင်းမီဒီယာသမားများက တရားရုံးသတင်း အချက်အလက် ရယူမှုဆိုင်ရာ နားလည်မှုမြှင့်တင်ရေးနှင့်ပတ်သက်၍ အုပ်စုဖွဲ့ဆွေးနွေးခြင်း ၊ ပြန်လည်သုံးသပ် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ တရားရုံးသတင်းအချက်အလက်ရယူမှုဆိုင်ရာ နားလည်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများကို ပထမအကြိမ်အဖြစ် မော်လမြိုင်မြို့တွင် လည်းကောင်း၊ဒုတိယအကြိမ်အဖြစ် ပုသိမ်မြို့တွင်လည်းကောင်း၊ တတိယအကြိမ်အဖြစ် မုံရွာမြို့တွင် လည်းကောင်း အသီးသီးကျင်းပခဲ့ကြောင်း သိရပြီး မန္တလေးမြို့တွင် စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲသို့ တရားဉပဒေစိုးမိုးမှုမြှင့်တင်ရေးအစီအစဉ်-မြန်မာမှ တာဝန်ရှိ သူများ၊Internews မှ တာဝန်ရှိသူများ၊  သတင်းဌာနအသီးသီးမှ သတင်းမီဒီယာသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)