အထက်မင်းလှ  ၂၄  ဖေဖော်ဝါရီ 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စက်မှုနှင့် အသက်မွေးပညာရွေ့လျားသင်တန်း၊ အခြေခံအိမ်သုံး လျှပ်စစ်ဝါယာသွယ်တန်းခြင်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမားရေးရာ ဝန်ကြီးဦးမြင့်ဆွေ တက်ရောက်၍ သင်တန်း အဖွင့်အမှာစကား ပြောကြားသည်။

 

42

 

ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်သန်းက အမှာစကားပြောကြားပြီး ၊ အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)မှ ကျောင်းအုပ်ဆရာကြီး ဦးသန့်ဇင်က လျှပ်စစ်ကျွမ်းကျင်လုပ်သားအဖြစ် အသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက်သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းတွင် သင်ကြားပို့ချပေးမည့်ဘာသာများကို ရှင်းလင်းပြောကြားသည်။

 

43

 

အဆိုပါ စက်မှုနှင့် အသက်မွေးပညာရွေ့လျား သင်တန်း၊ အခြေခံအိမ်သုံး လျှပ်စစ်ဝါယာ သွယ်တန်းခြင်း သင်တန်းကို မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာ(၂၀) မှ သင်တန်းသား(၄၀)ဦးဖြင့် မတ်လ (၈) ရက်နေ့ အထိ (၁၄) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)