မန္တလေး ၂၄ ဖေဖော်ဝါရီ
မန္တလေး တက္ကသိုလ်နှင့် မြန်မာနိုင်ငံ လက်ဖက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့ ပူးပေါင်းကျင်းပသော အပြည်ပြည်ဆိုင်ရာ လက်ဖက်စာတမ်းဖတ်ပွဲဖွင့်ပွဲကို မန္တလေးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင် ခန်းမတွင် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းအောင်နှင့် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဉက္ကဌ ဒေါ်ညိုညိုစန်း တို့က အပြည်ပြည်ဆိုင်ရာ လက်ဖက်စာတမ်း ဖတ်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
၎င်းနောက် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးသည်။ယင်းနောက် အပြည်ပြည်ဆိုင်ရာ လက်ဖက် စာတမ်းဖတ်ပွဲအား ဆက်လက်ကျင်းပရာ ပြည်တွင်း/ပြည်ပမှ လက်ဖက်စာတမ်းပညာရှင် (၃၅)ဦးမှ လက်ဖက်နှင့်ပတ်သက်သော စာတမ်း(၃၅)စောင် အား ဖတ်ကြားသည်။
အဆိုပါ အခမ်းအနားသို့ Oxford ဆရာတော်နှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပ စာတမ်းရှင်များ၊ မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်အသီးသီးမှ သုတေသန ပညာရှင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


