အောင်လံ  ၂၄  ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး  အောင်လံမြို့နယ်အတွင်း၌  ယခုနှစ်မတ်လတွင်ကျင်းပမည့်  ၂၀၁၉−၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူစုစုပေါင်း (၄၀၃၇)ဦး ဝင်ရောက် ဖြေဆိုရန် လျှောက်ထားခဲ့ကြပြီး၊ စာမေးပွဲကို စာစစ်ဌာန(၉)ခုဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စာမေးပွဲဖြေဆိုမှုအတွက် စာစစ်ဌာန(၉)ခုဖြစ်သော အောင်လံ−အထက(၁)တွင်     ကျောင်းသား/ ကျောင်းသူ (၉၅၆)ဦး၊ အောင်လံ−အထက(၂)တွင်(၇၀၅)ဦး၊ အထက−ရွာထောင်တွင်(၈၂၄)ဦး ၊ အထက−ပြလို့တွင် (၄၃၈)ဦး ၊ အထက−ရွှေပန်းတောတွင် (၁၉၆)ဦး၊ အထက−သမ္ဘူလတွင် (၄၂၂)ဦး၊ အထက−မြို့လှတွင် (၁၃၀)ဦး၊ အထက−ညောင်ပင်ဆိပ်တွင် (၁၇၄)ဦး၊ အထက−ကျီရပ်ကုန်းတွင် (၁၉၂)ဦးတို့ဖြင့်  ကျောင်းသား (၁၇၃၉)ဦး၊ ကျောင်းသူ(၂၂၉၈)ဦး စုစုပေါင်း(၄၀၃၇)ဦးတို့ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးချစ်လွင်ထံမှ သိရသည်။

 

သိန်းလွင်(အောင်လံ)