ဟုမ္မလင်း ၂၄ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂ဝ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ(၁၁)ရက်နေ့မှစတင်၍ မတ်လ(၂၀)ရက်နေ့အထိကျင်းပပြု လုပ်မည်ဖြစ်ရာ ဟုမ္မလင်းမြို့နယ်အတွင်း စာစစ်ဌာန (၁၀)ခု၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၆၅၃၃)ဦးဝင် ရောက်ဖြေဆိုကြမည်ဖြစ်သည်။
အဆိုပါ စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရာတွင် အထက(၁) ဟုမ္မလင်း၊ (၁၂၅၄)ဦး၊ အထက(၂)၊ဟုမ္မလင်း (၈၂၅)ဦး၊ အမက(၁) ဟုမ္မလင်း (၃၅၃)ဦး၊ (အထက) ကက်သာရွာ(၈၄၃)ဦး၊ အထက(ထမံသီရွာ)မှ (၉၂) ဦး၊ အထက(နမ့်တော)၊ (၈၇၇)ဦး၊ အထက-နောင်ပိုအောင်မှ (၁၀၅၁) ဦး၊ အထက-မောင်ခမ်းရွာ (၅၃၅)ဦး၊ အထက- ရွှေပြည်အေး မှ (၃၇၆)ဦး၊ အထက-သောင်သွပ် (၃၂၇)ဦး၊ စုစုပေါင်း(၆၅၃၃)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)


