ဘောလခဲ ၂၄ ဖေဖော်ဝါရီ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် (COVID-2019) ကိုရိုနာဗိုင်းရပ်(စ်) အကြောင်း ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဘောလခဲခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင် ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းဖြိုးဟန်က ကိုရိုနာဗိုင်းရပ် (စ်)အကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ ကြိုတင်ကာကွယ် စောင့်ရှောက်မှု ပုံစံအဆင့်ဆင့်ကို လက်တွေ့ သရုပ်ပြသခြင်းနှင့် သရုပ်ပြသရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များအား အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်


