ကျော ၂၄ ဖေဖော်ဝါရီ
ဂန့်ဂေါခရိုင် ကျောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေး၊ စာတိုက်၊ မီးရထားဌာနဝန်ထမ်းများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ကန့်သက်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ကျော်တောဘုရား(ခ) ရေဝိုင်းဘုရားစေတီတော် ပရိဝုဏ်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ပြီး ရွှေသင်္ကန်းနှင့် ရေဆေး၊ ထုံးသင်္ကန်း များ ကပ်လှူပူဇော်ကုသိုလ်ပြုခဲ့ကြသည်။
အဆိုပါအဖွဲ့သည် ဖေဖော်ဝါရီ ၉ ရက်က ဝါပင်ကျေးရွာ ကန်တော်စေတီတော်တွင် လည်းကောင်း၊ ဖေဖော်ဝါရီ ၂ ရက်က ဘုန်းဆိုးကြယ်ရွာရှိ ဘုရားစေတီများတွင်လည်းကောင်း ရွှေသင်္ကန်းကပ်လှူခြင်း၊ ထုံးဆေးသင်္ကန်း ကပ်လှူခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ခြင်းတို့ဖြင့် ကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။
ကျော်သန်းဆွေ


