ဝက်လက် ၂၄ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၇ နာရီအချိန်မှစတင်၍ ရွာသာကြီးကျေးရွာ စက်သုံးဆီများကို မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူး စနစ်တကျ အသုံးပြုတတ်စေရေးများ သင်ကြားပေးသည်။
မီးဘေးလုံခြုံရေး အသိပညာပေးရာတွင် ရွာသာကြီးကျေးရွာအတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်းများ ရောင်းချနေမှု၊ သိုလှောင်ထာရှိမှုများအတွက် မီးဘေးလုံခြုံးရေးအတွက် အသိပညာပေးခြင်းနှင့် စက်သုံးဆီ အရောင်းဝန်ထမ်းများကိုလည်း မီးသတ်ဆေးဘူး စနစ်တကျ သုံးဆွဲတတ်စေရေးအတွက် လက်တွေ့သင်ကြားမှုများ ပြုလုပ်သည်။
အဆိုပါ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝက်လက်မြို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင်များက လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စိုးစိုးလှိုင် (ဝက်လက်)


