မင်းဘူး ၂၅ ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း မင်းဘူးမြို့နယ်ရှိ ကျေးရွာ ၁၅၀ တွင် နွေရာသီကာလ သောက်သုံးရေ ရှားပါးပြတ်လပ်မှု ဖြစ်ပေါ်လာပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရှိ တာဝန်ရှိသူများထံသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

 

ကျေးလက်နေ ပြည်သူများအနေဖြင့် မိမိတို့ကျေးရွာအတွင်းနှင့် အနီးပတ်ဝန်းကျင်မှ သောက်သုံးရေ ရယူသုံးစွဲနေသော ရေအရင်းအမြစ်များမှ နွေရာသီကာလတွင် သောက်သုံးရေ ပြတ်လပ်မည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းသိရှိရပါက ကြိုတင်အကြောင်းကြားနိုင်ကြောင်း သိရသည်။

 

ယခုအခါတွင် နွေဦးကာလသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သည့်အတွက် မင်းဘူးမြို့နယ်အတွင်းရှိ မည်သည့် ကျေးရွာ၌မဆို သောက်သုံးရေ ရှားပါးပြတ်လပ်မှုဖြစ်ပေါ်လာပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးဖုန်း ဝ၆၅-၂၁၅၅၃ သို့ ဖြစ်စေ၊ မြို့နယ်ဦးစီးမှူး၏ဖုန်း ဝ၉-၂၅၆၂၃၀၉၀၇ သို့ဖြစ်စေ ဖော်ပြပါ ဖုန်းနံပါတ်များအတိုင်း အချိန်မရွေး ဆက်သွယ်အကြောင်းကြားနိုင်ပြီး ယင်းကဲ့သို့ ဆက်သွယ်လာပါက ဌာနမှ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးရန်အတွက် အစီအမံများ စီစဉ်ဆောင်ရွက်ထားရှိကြောင်း မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်းက ပြောပြသည်။

 

သူရိန်(မင်းဘူး)