ကော့မှူး  ၂၅  ဖေဖော်ဝါရီ

 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၁၁ ရက်မှ ၂၀ရက်အထိ ကျင်းပမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ (၂၆၇၁) ဦးက စာစစ်ဌာန ၅ ခုတွင် ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။

 

ကော့မှူးမြို့နယ်တွင် စာစစ်ဌာနငါးခုဖြစ်သော အထက ကော့မှူးတွင် ကျောင်းသား/ ကျောင်းသူ(၆၉၄)ဦး အထက နတ်စင်ကုန်းတွင် ကျောင်းသား/ကျောင်းသူ (၆၅၅)ဦး၊ အထက ကျိုက်ထော်တွင် (၄၉၄)ဦး၊ အထက မဆယ်ဆိပ်တွင် (၃၉၉)ဦး၊ အထက ဝါးဘလောက်သောက်တွင် (၄၂၉)ဦးတို့ဖြင့် စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၂၆၇၁)ဦး ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ကျော်သူရ(ကော့မှူး)