ပြင်ဦးလွင် ၂၅ ဖေဖော်ဝါရီ
ပြင်ဦးလွင်မြို့ ကန်ဦးကျောင်းတိုက်အတွင်း၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော သုခဝါဠုရွှေကြာရံ (ရန်ပြေမာန်ပြေ) ဆုတောင်းပြည့် စေတီတော်ကြီး၏ (၂၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သံဃိတဒါန ဆွမ်းလောင်းလှူပွဲကို မတ်လ ၁ ရက်နေ့ နံနက် ၈ နာရီ မှစ၍ ကန်ဦး ကျောင်းတိုက် ဆရာတော်အား အမှူးထားပြီး စေတနာရှင်ဒါယကာ၊ ဒါယိကာမများမှကြီးမှူး ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဘုရားအနေကဇာတင်ပူဇော်ခြင်း၊သံဃာတော်(၁၀၈)ပါးအား ဆွမ်းလောင်းလှူ၍ ဘောဇဉ်များ ဆပ်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ပြီး နံနက်(၉) နာရီအချိန်တွင် ရေစက်သွန်းချ တရားနာ၍ အမျှပေးဝေသွားမည် ဖြစ်သည်။
ဆက်လက်၍ ကြွရောက်လာသော ဧည့်သည်တော်များနှင့်ကုသိုလ်အလှူရှင်များအား နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
မြတ်ဆုမွန်


