လိုင်လင်းပီ  ၂၅  ဖေဖော်ဝါရီ 

          

ချင်းပြည်နယ် မင်းတပ်ခရိုင် မတူပီမြို့နယ် လိုင်လင်းပီမြို့၌ တည်ဆောက်လျက်နေသည့် လေယာဉ်ကွင်း ငယ်တည်ဆောက်မှု တောင်ဖြိုလုပ်ငန်း(၆၇)ရာခိုင်နှုန်းနှင့် လုပ်ငန်းအားလုံး၏ (၄၄)ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။

 

85285

 

 “ကျွန်တော်တို့ ၂၀၁၉ ခုနှစ်၊ မေလမှာစတင်ဆောင်ရွက်လာတာဖြစ်ပြီး သတ်မှတ်ထားတဲ့ ၂၀၂၀ ပြည့်နှစ်၊ မေလအတွင်းမှာ ပြီးစီးနိုင်အောင် ကျွန်တော်တို့အစွမ်းကုန်ကြိုးစားနေကြပါတယ်၊  အနိမ့်ပိုင်းက မြေထိန်း နံရံတွေကိုလည်း စတင်ဆောက်လုပ်နေကြပြီ၊ မြေတူးတဲ့အချိန်မှာ ကျောက်တုံးကြီးတွေကို ဖယ်ရှားဖို့ အချိန်တော်တော်ယူရတယ်၊ ပြီးတော့ လေယာဉ်ကွင်းအတွက် ကျောက်ထုတ်လုပ်ဖို့ အပြင်ဘက်ကနေ ကျောက်တွေ အများကြီးပြန်ရှာရတယ်၊ သတ်မှတ်ထားတဲ့ပမာဏအတိုင်း ကျောက်ထုတ်နိုင်ပြီဆိုရင် နှစ်လအတွင်း လေယာဉ်ပြေးလမ်းကြောင်း ဆောင်ရွက်နိုင်တော့မယ် ဟု လေယာဉ်ကွင်းတည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ Mr.Terry  ကပြောသည်။

 

52225

 

အဆိုပါ လေယာဉ်ကွင်းမှာ Mission  Aviation Fellowship(MAF) ၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၂.၂)သန်းဖြင့် Health& Hope Myanmar ၏ အနီးကပ်ကြီးကြပ်မှုနှင့် New Asia Star That ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး လေယာဉ်ပြေးလမ်းအရှည် ပေ(၂၆၀ဝ)ကျော်၊ အကျယ် ပေ(၁၀ဝ) ရှိသည့် လေယာဉ်ကွင်းငယ်ဖြစ်ကြောင်း သိရသည်။

 

ယာကမ် (ပြန်/ဆက်)