ကျိုင်းတုံ ၂၅ ဖေဖော်ဝါရီ          

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ တရားမဝင်စက်သုံးဆီ အရောင်းဆိုင်များအား လိုင်စင်လျှောက်ထားမည့်ပုံစံ ချပြရှင်းလင်းခြင်းကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

963

           

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက အမှာစကားပြောကြားပြီး မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း (ရှမ်းအရှေ့)၊ ပြည်နယ်ရောင်းဝယ်ရေးအရာရှိ ဦးစိုင်းရီစံခတ်က  ကျေးရွာ စက်သုံးဆီ အရောင်းဆိုင်၏ အခြေခံလိုအပ်ချက်များ၊ လိုင်စင်လျှောက်ထားခြင်းနှင့် ပက်သက်၍ လိုအပ်သည့် အချက်အလက်များကို ရှင်းလင်းချပြသည်။

           

ထို့နောက် တက်ရောက်လာကြသည့် စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင်များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)