ဆိပ်ဖြူ ၂၅ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူအများ ငှက်ဖျားရောဂါကင်းဝေးစေရေး ဘက်စုံစေတနာ့ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မွမ်းမံသင်တန်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာဇော်ထွန်းဦး ဦးဆောင်မှုဖြင့် ဦးလှသန်း (ငှက်ဖျားရောဂါ တိုက်ဖျက်ရေးမှူး)၊ ဦးငြိမ်းမင်းထွန်း ကျန်းမာရေးမှူး (စာရင်းအင်း)နှင့် မြို့နယ် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးတာဝန်ခံ ဦးတင်ယုတို့က မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဘက်စုံစေတနာ့ဝန်ထမ်း ၃၆ ဦးအား သံသယငှက်ဖျားရောဂါ လူနာများရှာဖွေခြင်း၊ စစ်ဆေးခြင်း၊ စာရင်းအင်းကောက်ယူခြင်းဆိုင်ရာများကို စာတွေ့လက်တွေ သင်ကြားပေးလျက်ရှိပြီး သင်တန်းကို ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၇ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဒေသခံပြည်သူတို့ ကျန်းမာကြံ့ခိုင်သောဘဝများ ပိုင်ဆိုင်နိုင်စေပြီး ငှက်ဖျားရောဂါတိုက်ဖျက်ရေး စီမံချက်ဖြင့် ဘက်စုံစေတနာ့ဝန်ထမ်းများဖြင့် စုပေါင်းကာ ငှက်ဖျာရောဂါ သံသရရှိလူနာများအား ရှာဖွေစစ်ဆေးကာ စာရင်အင်း ကောက်ယူခြင်းဖြင့် ဒေသခံပြည်သူတို့ ငှက်ဖျားရောဂါကင်းဝေးစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
စိုးလင်းနိုင်(ပြန်/ဆက်)


