ညောင်ဦး  ၂၅  ဖေဖော်ဝါရီ 

စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်း အမှတ်စဉ်(၁၁၅) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနော်ရထာခန်းမတွင် ကျင်းပခဲ့သည်။

 

1

 

အခမ်းအနားတွင် အမှတ်(၆) စက်မှုသင်တန်းကျောင်း(မြင်းခြံ) ကျောင်းအုပ်ကြီး ဦးမျိုးကိုကိုက အမှာစကားပြောကြားသည်။ ဆက်လက်၍ ညောင်ဦးခရိုင် ခရိုင်လျှပ်စစ်မန်နေဂျာ ဦးကျော်မျိုးအောင် (လက်ထောက်အထွေထွေမန်နေဂျာ)က ယခုသင်တန်းတွင် စာတွေ့လက်တွေ့ သင်ယူတတ်မြှောက်ထားသည့် လျှပ်စစ်ပစ္စည်းများ တပ်ဆင်ပေးရာတွင် အန္တရာယ်ကင်းရှင်းစွာ လုပ်ကိုင်တတ်ပြီး မိမိတို့ပတ်ဝန်းကျင်ရှိ လျှပ်စစ်ပစ္စည်းအသုံးပြုကြသည့် ပြည်သူများကိုလည်း လျှပ်စစ်ပစ္စည်းများ အန္တရာယ်ကင်းစွာ ကိုင်တွယ်ပုံများကို ဆင့်ပွားပညာပေးစေလိုကြောင်း ပြောကြားသည်။

 

3

 

ထို့နောက် သင်တန်းဆင်း အောင်လက်မှတ်နှင့် အခြေခံလျှပ်စစ်ဘာသာရပ်တွင် ထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

 

4

 

အဆိုပါ စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်းကို (၁၁၅)ကြိမ်မြှောက် ဖွင့်လှစ်ပေးနိုင်ခြင်းဖြစ်ပြီး  သင်တန်းတွင် သင်တန်းသား ၄၈ ဦး တက်ရောက်ကာ ၁၄ ရက် စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။

မောင်မောင်ထိန် (ကျောက်ပန်းတောင်း)