နေပြည်တော်  ၂၅  ဖေဖော်ဝါရီ

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

dd332e

 

အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးဝေစိန်အောင်က ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က) ပုဒ်မခွဲ() တို့ကို ပြင်ဆင်မည်ဆိုပါက လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်း ကျော်ရမည်ဆိုသည့်အတွက် ပြင်ဆင်ရန် ခက်ခဲပါကြောင်း၊ ယခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက တင်သွင်းထားသည့် ပြင်ဆင်ချက်တွင် ရွေးကောက်ခံကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံနှစ်ပုံကျော် ထောက်ခံပါက ပြင်ဆင်မည်ဟုဆိုသည့်အတွက် သင့်တော်သည့် ပြင်ဆင်ချက်ဖြစ်သောကြောင့် ထောက်ခံပါကြောင်း။

 

ထို့ပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့်အပြင် ဖက်ဒရယ်ပြည်ထောင်စုသို့ လားရာလမ်းလည်း မပါရှိသည့်အတွက် ပြင်ကိုပြင်ရမည်ဟု တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လိုလားကြပါကြောင်း၊ နိုင်ငံရေးသမားများ၊ တပ်မတော်သားများကလည်း ပြင်ဆင်သင့်သည့် သဘောထားရှိသောကြောင့် ပြည်သူအကျိုး၊ တိုင်းရင်းသားများအကျိုးကို မျှော်ကိုးပြီး ရှေ့တစ်ဆင့်တိုးရန်အတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် စုစုပေါင်းသည် ၆၅၄ ဦးသာရှိပြီး  ၇၅ ရာခိုင်နှုန်းကျော်ရန် ၄၉၁ ဦးက ထောက်ခံရန်လိုအပ်သည်ဟု တွက်ချက်ထားမှုရှိသည့်အတွက် ညီညွတ်မှုစိတ်ဓာတ်ဖြင့် ပကတိ လိုအပ်ချက်အရ ပြင်ဆင်ရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်းက ပြင်ဆင်ရေးပူးပေါင်းကော်မတီက ပြင်ဆင်ရန် တင်ပြထားသည့် ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)တွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း() ပုဒ်မ မှ ၄၈ အထိ၊ အခန်း() ပုဒ်မ ၄၉ မှ ၅၆ အထိ၊ အခန်း() ပုဒ်မ ၅၉ ၆၀၊ အခန်း () ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း() ပုဒ်မ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း() ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ အထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုပါက ရွေးကောက်တင်မြှောက်ခံ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ သုံးပုံနှစ်ပုံကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဆိုသည့် ပြင်ဆင်ချက်နှင့် ပုဒ်မ ၄၃၆ ပုဒ်မခွဲ()တွင် ပုဒ်မခွဲ(က)တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ရွေးကောက်တင်မြှောက်ခံ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ သုံးပုံနှစ်ပုံကျော်၏ ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဆိုသည့် ပြင်ဆင်ချက်သည် နိုင်ငံသူနိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သည့် အကျိုးစီးပွားများ ဖြစ်ထွန်းလာစေနိုင်သည့်အတွက် လျော်ကန်သင့်မြတ်ပါကြောင်း ဆွေးနွေးသည်။

 

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဗိုလ်မှူးထက်လင်းက  ဒီမိုကရေစီ ဖော်ဆောင်ရာတွင် အဓိကနှောင့်ယှက်ဟန့်တားမှုသည် စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေကို လေးစားလိုက်နာမှု အားနည်းခြင်းတို့ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာစေရေးအတွက် ဒီမိုကရေစီစနစ်နှင့် ထိုက်တန်သည့် စည်းကမ်းရှိမှု၊ ဥပဒေကို လေးစားလိုက်နာမှုတို့ အထူးလိုအပ်ပါကြောင်း၊ နိုင်ငံတော်တွင် မည်သည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ ရှိနေမည်ဖြစ်ပြီး စည်းကမ်းဆိုသည်မှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် လမ်းညွှန်ဖြစ်ပါကြောင်း၊ စည်းကမ်းမရှိသည့် ဒီမိုကရေစီကျင့်သုံးမှုကို မိမိတို့နိုင်ငံတွင် မဖြစ်ထွန်းစေရန် ပြဋ္ဌာန်းထားခြင်းဖြစ်သည့်အတွက် ပုဒ်မ ပုဒ်မခွဲ() နှင့်  ပုဒ်မ တို့ကို မူလအတိုင်းထားရှိရန် ဆွေးနွေးလိုပါကြောင်း။

 

လက်ရှိကာလတွင်  မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နေချိန်ဖြစ်ပြီး ပြည်သူများလိုလားတောင့်တနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန် ကြိုးစားနေသကဲ့သို့ တစ်ဖက်တွင်လည်း ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြယ်လှယ်လိုသည့် ခေတ်သစ်ကိုလိုနီများနှင့် ၎င်းတို့၏လက်ဝေခံ ပြည်တွင်းပြည်ပ ပုဆိန်ရိုးများကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပြန်လည်မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်နေရသည့် အခြေအနေဖြစ်ပါကြောင်း၊ ထိုအခြေအနေတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို လျှော့ချလိုက်မည်ဆိုပါက မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ထို့ကြောင့် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းသာယာရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားပြည်သူများအားလုံး၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဂရုပြုဦးတည်ဆောင်ရွက်ရမည့် အချိန်အခါဖြစ်သည့်အတွက် ပုဒ်မ ၁၄ အား ပြင်ဆင်ရန် မသင့်ပါကြောင်းနှင့် မူလပြဋ္ဌာန်းချက်အတိုင်း ထားရှိသင့်ပါကြောင်း ဆွေးနွေးသည်။

 

မင်းတပ်မဲဆန္ဒနယ်မှ ဦးနေလင်းအောင်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ပါရှိသည့် ဦးထွန်းထွန်းဟိန် ဦးဆောင်၍ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းထားသည့် ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က) ပြင်ဆင်ချက်ကို ထောက်ခံပါကြောင်း၊ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က) ပြင်ဆင်ချက်သည် ပြည်သူ့ဆန္ဒဖြင့်လည်း ပြင်ဆင်နိုင်ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ တွင် ပါဝင်သည့် ပြည်သူကို အာဏာအပ်နှင်းထားသည့် အချက်နှင့်လည်း ကိုက်ညီခြင်း၊ ဒီမိုကရေစီ စံနှုန်းများနှင့်လည်း ကိုက်ညီမှုရှိခြင်း၊ ပြည်သူအာဏာရှိသည်ဆိုသည့် အချက်ကို လက်တွေ့သက်သေပြရာ ရောက်မည်ဖြစ်သည့်အတွက် ပြင်ဆင်သင့်ပါကြောင်း ဆွေးနွေးသည်။

 

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဒေါက်တာသန်းဝင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ ပုဒ်မခွဲ()တွင် စစ်မှန်၍ စည်းကမ်းပြည့်၀သော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေးအစား စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးဟု ဦးထွန်းထွန်းဟိန်က ပြင်ဆင်ထားသည်ကို ထောက်ခံပါကြောင်း၊ အလားတူ ပုဒ်မ နှင့် ပုဒ်မ ၃၉ တွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်အစား စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ဟု ပြင်ဆင်ထားသည်ကိုလည်း ထောက်ခံပါကြောင်း၊ ၂၁ ရာစု၏ ဒုတိယဆယ်စုနှစ် ရောက်နေပြီ ဖြစ်သည့်ယခုကာလတွင် နိုင်ငံအချင်းချင်း၊ လူ့အဖွဲ့အစည်းအချင်းချင်း စက္ကန့်မခြား ကမ္ဘာ့ရွာကြီးတွင် တစ်ဆက်တစ်စပ်တည်း ဖြစ်နေသည့်အတွက် အတွေးအခေါ်၊ ရပ်တည်ချက်၊ စဉ်းစားတွေးခေါ်ချက်များသည် နိုင်ငံတကာ၏ အတွေးအခေါ်၊ အမြင်များနှင့် သဟဇာတဖြစ်နေရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီ၏ စံနှုန်း၊ ကမ္ဘာတွင် အများလက်ခံကြသည့် အတွေးအခေါ်၊ စံနှုန်းများနှင့် ကိုက်ညီရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သုံးသပ်ပြင်ဆင်သင့်ပါကြောင်း ဆွေးနွေးသည်။

 

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးအောင်ကျော်မိုးက ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ်ကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများ၏ ပြင်ဆင်ချက်ဇယား နောက်ဆက်တွဲ ( - ) ပါပုဒ်မ ၁၇၂ ပုဒ်မခွဲ(က) ပုဒ်မခွဲ () ပုဒ်မ ၁၈၈၊ ပုဒ်မ ၁၉၆ တို့နှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ပုဒ်မ ၁၈၈ နှင့် ပုဒ်မ ၁၉၆ တို့ကို ပြင်ဆင်မည်ဆိုပါက ယင်းပုဒ်မများနှင့် ဆက်စပ်နေသည့် အခန်း() ပုဒ်မ ၂၅၄ ပုဒ်မခွဲ(က) ပုဒ်မ ၂၅၅၊ ပုဒ်မ ၂၇၆ ပုဒ်မခွဲ() တို့နှင့် ရှေ့နောက်ညီညွတ်မှု လျော့ရဲပြီး နားလည်သဘောပေါက်မှု ကွဲလွဲသွားစေနိုင်ပါကြောင်း၊ ထို့ကြောင့် ဥပဒေမူကြမ်း ပြင်ဆင်ချက်ဇယား နောက်ဆက်တွဲ (- )ပါ ပုဒ်မ ၁၇၂ ပုဒ်မခွဲ (က) ပုဒ်မခွဲ() ပုဒ်မ ၁၈၈ နှင့် ပုဒ်မ ၁၉၆ တို့ကို မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိသင့်ပါကြောင်း ဆွေးနွေးသည်။

 

ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းအတွင်းမှ ဦးထွန်းထွန်းဟိန် အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ တင်သွင်းထားသည့် ဥပဒေမူကြမ်း ပုဒ်မ ၂၆၂ ပုဒ်မခွဲ () အပိုဒ်ခွဲငယ်() ပုဒ်မ ၂၆၄ ပုဒ်မခွဲ() အပိုဒ်ခွဲငယ်() ပုဒ်မ ၂၈၅ ပုဒ်မခွဲ(က) အပိုဒ်ခွဲ ငယ်() ပုဒ်မ ၂၈၅ ပုဒ်မခွဲ() တို့၏ ပြင်ဆင်ချက်များအပေါ်တွင် ထောက်ခံပါကြောင်း၊ ဥပဒေတစ်ရပ်ကို လေ့လာစိစစ်ရာတွင် နိုင်ငံရေးစနစ်အရ ပြုပြင်ပြောင်းလဲရန် လိုအပ်နေသည့် အချက်ကို မဖြစ်မနေ လေ့လာစိစစ်ရမည် ဖြစ်ပါကြောင်း။

 

ထို့ပြင် မိမိတို့နိုင်ငံတွင်ရှိသည့် မဲပေးပိုင်ခွင့်ရှိသူ အပါအဝင် နိုင်ငံသားများအားလုံးသည် လူတစ်ဦးတစ်ယောက်၊ အစုအဖွဲ့တစ်ခုတည်းကို ယုံကြည်ကိုးစားသည်မှာ လက်တွေ့မကျပါကြောင်း၊ လက်တွေ့ကျသည်မှာ လောကပါလတရားကိုအခြေခံပြီး လုံခြုံအေးချမ်း ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး၏ နိုင်ငံသားများသာ ဖြစ်ချင်သည်ဆိုသည့် ဆန္ဒနှင့် မျှော်လင့်ချက်မှာ အတူတူပင်ဖြစ်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ ထို့အတူ ပြည်သူများအတွင်းမှ ပြည်သူများပင်ဖြစ်သည့်အတွက် မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တရားမျှတရေးနှင့် တန်းတူညီမျှ အခွင့်အရေးများ ရရှိစေရန်အတွက် ဥပဒေပြဋ္ဌာန်းချက်များကို ပြင်ဆင်သည့်အခါတွင် ဉာဏ်အမျှော်အမြင် ကြီးမားစွာဖြင့် ပြည်သူကိုမျက်နှာမူပြီး ပြည်သူ့ပန်းတိုင်ကို ညီညီညွတ်ညွတ်ဖြင့် ချီတက်ကြရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။

 

အဆိုပါ ဥပဒေကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် ရန်ကင်းမဲဆန္ဒနယ်မှ ဒေါ်ဇင်မာအောင်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးစိုင်းသန်းနိုင်၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ဇော်ဦး၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး သန်းထိုက်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်()မှ ဒေါ်နန်းနီနီအေး၊ တပ်မတော်သားအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်လွင်၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်နှင့် သာကေတမဲဆန္ဒနယ်မှ ဒေါက်တာဝေဖြိုး အောင်တို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၂၆ ရက် တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်