ကာမိုင်း  ၂၅  ဖေဖော်ဝါရီ

 

ကချင်ပြည်နယ်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး နယ်လှည့်ဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက ထွယ်ဆန်ယန်ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်သက်ဦးက ကျောင်းသား ကျောင်းသူများအား လတ်တလောဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ လက္ခဏာ မဖြစ်ပွားနိုင်ရန်အတွက် လက်ကိုဆပ်ပြာဖြင့် ဆေးကြောကြရန်၊ လူအများစုရှိရာနေရာတွင် Mask အကာဖြင့် အသုံးပြုကြရန်နှင့် ဆောင်ရန် ရှောင်ရန်များကိုလည်းကောင်း၊ အသိပညာဗဟုသုတ ကြွယ်၀စေရန်အတွက် စာပေဖတ်ရှုခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ လူထုအခြေပြ ဗဟိုဌာနအနေဖြင့် စာငှားစာဖတ်လာကြသည့် ကလေးငယ်များအား အခါအားလျော်စွာ ပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ပြုလုပ်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 

အသိပညာပေး ဟောပြောပွဲတွင် ကျောင်းသား ကျောင်းသူများအား တိုင်းရင်းသား ကလေးစာပေနှင့်ဆိုင်သော စာအုပ်များကို ဖတ်ရှုစေခြင်း၊ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ လက္ခဏာဆိုင်ရာ ကြိုတင်ကာကွယ်ရေးနှင့် သက်ငယ်မုဒိမ်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့သည်။

 

ဇွဲသူရအောင် (ပြန်/ဆက်)