နေပြည်တော်  ၂၆   ဖေဖော်ဝါရီ  

 

နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ကြီးမှူး၍ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) (၁/၂၀၂၀) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဥတ္တရခရိုင်၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

53.

 

ရှေးဦးစွာ ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလူက အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

 

453

 

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ဥတ္တရခရိုင်အတွင်းရှိ မြို့နယ်များမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (၃၀) အား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဝေါဟာရများနှင့် သဘောတရားများ၊ သဘာဝ ဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ် ကယ်ဆယ်ရေးစခန်း ညှိနှိုင်းဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှု၊ ရပ်ရွာလူထု အခြေခံသော ဘေးအန္တရာယ်စီမံခန့်ခွဲမှု စသည့် ဘာသာရပ်များကို ဖေဖေါ်ဝါရီ(၂၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ကို(ပြန်/ဆက်)