သံတောင်ကြီး ၂၆ ဖေဖော်ဝါရီ
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည် ဖြစ်ရာ သံတောင်ကြီးမြို့နယ်တွင် စာစစ်ဌာန(၅)ခု၌တက္ကသိုလ်ဝင် စာမေးပွဲကိုကျောင်းသား ကျောင်းသူ (၁၈၈၁)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲသို့ ဖြေဆိုရာတွင် သံတောင်ကြီးမြို့ အထကကျောင်း၌ (၃၂၃) ဦး ၊ဘုရင့်နောင်တပ် အထက ကျောင်း၌ (၅၇)ဦး ၊ သံတောင်မြို့ အထကကျောင်း၌ (၆၁၅)ဦး ၊လိပ်သိုမြို့ အထကကျောင်း၌ (၅၇၉)ဦး၊ သပြေညွန့် အထကကျောင်း၌ (၂၃၇) ဦး စုစုပေါင်း (၁၈၈၁) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
နော်လော်မူ(ပြန်/ဆက်)


