မယ်စဲ့ ၂၆ ဖေဖော်ဝါရီ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်းရှိ ဝေးလံခေါင်သီကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများအတွက် အဝတ်အထည်နှင့်မုန့်များကို မယ်စဲ့မြို့မကျောင်းတိုက် ဆရာတော် ဦးဩဇေယျနှင့်အဖွဲ့က ယမန်နေ့က(အမက)နမ့်ဟူးနှင့် မူလွန်(ဟိုဂျစ်)တို့တွင် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းသို့လှူဒါန်းရာတွင် မယ်စဲ့မြို့မကျောင်းဆရာတော် ဦးဩဇေယျနှင့်အဖွဲ့သည် အမက (နမ့်ဟူး)မှ ကျောင်းသား၊ ကျောင်းသူ(၁၄)ဦး၊ မူလွန်(ဟိုဂျစ်)မှ ကျောင်းသား၊ ကျောင်းသူ(၈၀)ကျော် တို့အတွက် အဝတ်အထည်၊ ဦးထုပ်၊ ဖိနပ်၊ မုန့်နှင့် ပဲနို့များကို ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်သို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


