ဒေးဒရဲ ၂၆ ဖေဖော်ဝါရီ

 

၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲကို စာစစ်ဌာန (၇)ခု၌ ကျောင်းသား၊ ကျောင်းသူ (၂၉၂၇)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

 

ဒေးဒရဲမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့်  အထက(၁)တွင် (၁၀၇၈)ဦး၊ အထက(၂)တွင် (၅၆၅)ဦး၊ အထက(၃) မြို့မတွင် (၄၇၅)ဦး၊ အထက(ကျုံဒါး)တွင် (၁၈၃)ဦး၊ အထက(ဆူးကလပ်)တွင် (၁၄၅)ဦး၊ အထက(တော်ကမယ်)တွင် (၂၁၁)ဦး၊ အထက(နောက်ပြန်တိုး)တွင် (၂၇၀)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၉၂၇)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်းနှင့် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ဖြေဆိုခွင့် ကတ်ပြားများ လာရောက်ထုတ်ယူလျက်ရှိကြကြောင်း ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်ဦးထံမှ သိရသည်။

 

မြင့်မြင့်ခိုင်(ပြန်/ဆက်)