မင်းလှ ၂၆ ဖေဖော်ဝါရီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းထုတ် လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို မင်းလှမြို့နယ်၊ အမှတ်(၁) ဇီးကုန်းလေး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမောင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်ထွန်းက သင်တန်းတွင်ပို့ချခဲ့သော ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာအသုံးချရန် ပြောကြားသည်။
ထို့နောက် စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါ သင်တန်းကို အမှတ်(၁)ရပ်ကွက်အတွင်းမှ သင်တန်းသား သင်တန်းသူ (၂၀) တက်ရောက်ခဲ့ပြီး (၁၂)ရက်ကြာ ဖွင့်လှစ်၍ တန်ဖိုးမြှင့်စားသောက်ကုန် အမျိုးမျိုးပြုလုပ်ခြင်း၊ လူသုံးကုန် ပစ္စည်းအမျိုးမျိုး ပြုလုပ်ခြင်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
ပေါက်စ မင်းလှ


