ပခုက္ကူ     ၂၆  ဖေဖော်ဝါရီ

 

ပခုက္ကူခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံ အားကစား သင်တန်း (၁၂)မျိုးကို မတ်လ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။

 

52.

 

ဘောလုံး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ကြက်တောင်၊ စားပွဲတင် တင်းနစ်၊ ပိုက်ကျော်ခြင်း စသည့် အားကစားနည်းများကို ပခုက္ကူခရိုင် အားကစားကွင်းနှင့် အားကစားရုံတွင်လည်းကောင်း၊ ဖူဆယ် အားကစားနည်းကို ဇမ္ဗူထိပ်ဖူဆယ်ကွင်းတွင် လည်းကောင်း၊ မြန်မာ့သိုင်းနှင့်ခြင်းလုံး အားကစားနည်း ကို အ.မ.က (၁၄၅)ကျောင်းတွင်လည်းကောင်း၊ ဗန်တို၊ ဗန်ရှည်၊ ခြင်းလုံးနှင့်ဘော်လီ ဘောအားကစား နည်းများကို အ.မ.က (၁၇)ကျောင်းတွင်လည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်သည်။

 

သင်တန်း တက်ရောက်လိုသည့် ကျောင်းသား/သူ၊ လူငယ်များအနေဖြင့် ပခုက္ကူခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၊ ဖုန်း (ဝ၆၂-၂၃၄၈၆၊ ဝ၉-၄၂၀ဝ၁၅၇၂၉) သို့ ကြိုတင်ဆက်သွယ်စာရင်း ပေးပို့နိုင်ကြောင်းနှင့် သင်တန်းကြေး အခမဲ့ဖြစ် ကြောင်းသိရသည်။

 

ကိုဇော်(ဓာတု)