ရေကြည် ၂၆ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်၌ လယ်မြေဧကများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန် ဝါးရုံလဟာ ကျေးရွာအုပ်စုရှိ ကျွဲဖြူရိုးချောင်းအား တူဖော်ဆောင်ရွက်လျက်ရှိသည်။
၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် လုပ်ငန်းတန်ဖိုး ၃၇.၉၄၉ ကျပ် သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ Three Princess ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိကြောင်း ရေကြည်မြို့နယ် ဦးစီးအရာရှိ (မြို့ပြ) ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းမော်ကပြောပြသည်။
ကျွဲဖြူရိုးချောင်း တူးဖော်ခြင်းလုပ်ငန်းမှာ မြောင်းအလျား ၄.ဝ၀ မိုင် ထိပ်ဝအကျယ် ၂၂ ပေ အောက်ခြေအကျယ် ၁၀ ပေ ပျမ်းမျှအနက် ၆ ပေ တူးဖော် ဆောင်ရွက်မည်ဖြစ်သည်။
၄င်းရိုးချောင်း တူးဖော်ပြီးပါက ရေအထွက်ကောင်းကာ နှစ်စဉ် လယ်မြေဧကများ ရေကြီးနစ်မြုပ်မှုနည်းပြီး မိုးဦးစပါး စိုက်ပျိုးတောင်သူများ အကျိုးရှိမှာဖြစ်ကြောင်း သိရှိရသည်။
ဆန်းတင့် (ရေကြည်)


