လှိုင်သာယာ  ၂၆  ဖေဖော်ဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန သည် ဒီမိုကရေစီ၏အနှစ်သာရဖြစ်သော အစိုးရနှင့် ပြည်သူများအကြား အပြန်အလှန် ဆွေးနွေး တိုင်ပင်တတ် သည့် အလေ့အထများ ပိုမိုထွန်းကားလာစေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဖေဖော်ဝါရီ(၂၇) ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ‘‘လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်’’ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)အား ကျင်းပသွားမည်ဖြစ်သည်။

 

အဆိုပါ စကားဝိုင်းတွင် လှိုင်သာယာမြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ လူငယ်ထုအတွင်း အန္တရာယ်ကျရောက်နိုင်မှုများ၊ မူးယစ်ဆေးဝါးကြောင့် အသက်၊ အရှက်နှင့် ဂုဏ်သိက္ခာ၊ မိသားစုနှင့် စီးပွားဥစ္စာများ ပျက်စီးဆုံးရှုံးနိုင်မှုများအား အသိပညာပေး ဆွေးနွေးသွားမည်ဖြစ်ပါသည်။ သို့ပါ၍ မြို့နယ်အတွင်းရှိ လူငယ်များ၊ ကျောင်းသား/ကျောင်းသူ များ၊ အသင်းအဖွဲ့များနှင့် စိတ်ပါဝင်စားသူများ မည်သူမဆိုတက်ရောက် မေးမြန်းဆွေးနွေးနိုင်ကြောင်း ရသည်။

 

မောင်မောင်တာ( ပြန်/ဆက်)