မင်းကင်း ၂၆ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် ပွင့်လျက်ကျေးရွာအုပ်စု၊ ပွင့်လျက်ကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချစ်ကိုကိုနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘချိုတို့ ပူးပေါင်း၍ တောင်သူနည်းပညာပေးသင်တန်း၊ မြေအသုံးချရေးနှင့် သဘာဝမြေသြဇာြ ပြုလုပ်သုံးစွဲနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီက ကျေးရွာဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ထက်အောင်က အဖွင့်အမှာစကားပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘချိုက မိတ်ဆက်စကားပြောကြားသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး မြေအသုံးချရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမြင့်က သင်တန်းပို့ချခဲ့ကြောင်းနှင့် စိတ်ပါဝင်စားသူ တောင်သူ ၁၀၃ ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြကာ သဘာဝမြေဆွေးပုံ ပြုလုပ်သုံးစွဲခြင်း စံပြကွက်၌ လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
ချင်းတွင်းသား


