ကော့မှူး ၂၆ ဖေဖော်ဝါရီ

ကျောင်းသားကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတ ရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်တို့ ပူးပေါင်း၍ ကျေးရွာများ၊ ကျောင်းများအရောက် ရွေ့လျားစာကြည့်တိုက် ယာဉ်နှစ်စီးဖြင့် အခမဲ့လိုက်လံငှားရမ်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

35

 

အဆိုပါရွေ့လျားစာကြည့်တိုက် ကားများသည် ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာ(၂၆)ရွာ၊ Sub Centre (၁၈)ခုနှင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းလွန်နှင့် မူလတန်းကျောင်းပေါင်း (၃၀)အထိ ရွေ့လျားယာဉ်နှစ်စီးဖြင့် လိုက်လံငှားရမ်း‌ ဆောင်ရွက်ပေး‌နေကြောင်းနှင့် စာငှားကတ်တစ်ခုလျှင် နှစ်အုပ်နှုန်းဖြင့် ရက်သတ္တပတ် နှစ်ပတ်ကြာ ငှားရမ်းနိုင်ကာ နှစ်ပတ်ပြည့်ပါက စာအုပ်အသစ်များဖြင့် ပြန်လည်ငှားရမ်း‌ပေးပြီး အသင်းဝင်လိုသူများကိုလည်း စာငှားကတ်များ အခမဲ့ပြုလုပ် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

06

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် လူငယ်လူရွယ်များ စာပေနှင့်ရင်းနှီးပြီး စာအုပ်စာစောင်များ လေ့လာဖတ်ရူနိုင်စေရန်အတွက် ရွေ့လျားစာကြည့်တိုက် ယာဉ်တစ်စီးလျှင် သုတရသ ၂၀၀၀ ကျော်ဖြင့် ကျေးရွာနေပြည်သူများနှင့် ကျောင်းသားကျောင်းသူများ လွယ်လင့်တကူ လေ့လာငှားရမ်း ဖတ်ရှုနိုင်ရန် အစိုးရရုံးပိတ်ရက်မှအပ လိုက်လံငှားရမ်း‌ပေးနေကြောင်း တွေ့ရသည်။

ကျော်သူရ (ကော့မှူး)