ဘောလခဲ  ၂၆  ဖေဖော်ဝါရီ

ရွှေပြောင်းတောင်ယာစနစ် စိုက်ပျိုးမှုများနေခြင်းနှင့် စပ်လျဉ်း၍ နည်းပညာများပံပိုးနိုင်ရေး တောင်သူပညာပေး ဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ကယားပြည်နယ်၊ ဘောလခဲမြို့နယ် စောလဖော်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ဘောလခဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က အမှာစကားပြောကြားပြီး ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးယဉ်ထွန်းမှ ပြည်နယ်အတွင်း တောင်ပေါ်ဒေသများ ရွှေ့ပြောင်းတောင်ယာစနစ်အစား ဒေသရေမြေ၊ ရာသီဥတုနှင့် လိုက်လျောညီထွေသော အလားအလာရှိသည့် တောင်စောင်းစိုက်ပျိုးစနစ်အကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ ပြည်နယ်သစ်တောဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမင်းလင်းနိုင်မှ ရွှေပြောင်းတောင်ယာ စနစ်ကြောင့် သစ်တောပြုန်းတီးမှုမရှိစေရေး သီးနှံသစ်တော ရောနှောစိုက်ခြင်းအကြောင်းနှင့် ပြည်နယ်စက်မှု လယ်ယာဦးစီးဌာနမှူး ဦးရဲမြင့်မှ လယ်ယာသုံးစက်ကိရိယာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ရောင်းချပေးနေသော အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ပညာပေးဆွေးနွေးပွဲသို့ ဒေသခံတောင်သူ ၁၇၀ ဦး တက်ရောက်ခဲ့ပြီး တောင်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးက မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

လှရွှေ