တီးတိန် ၂၇ ဖေဖော်ဝါရီ
ချင်းပြည်နယ် တီးတိန်မြို့တွင် ဖလမ်းခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန(FDA)နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့က မြို့ပေါ်ရှိစျေးဆိုင်များ၊ ဆေးဆိုင်များအား နိုင်ငံပိုင်သတင်းစာပါ စားသုံးရန် မသင့်သော အစားအသောက်များနှင့် သုံးစွဲရန်မသင့်သော ဆေးဝါးများရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် အန္တရာယ်ကင်းစားသောက်ကုန်များ ရောင်းချနိုင်ရေး ပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရက်လွန်ဆေးဝါး(၄၆)မျိုးအား စည်ပင်အမှိုက်ပစ်သည့်နေရာ၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဒိုင်းဒိမ့်(ပြန်/ဆက်)


