ဒေးဒရဲ  ၂၇  ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သော ရောဂါများနှင့် ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ ပညာပေးသင်တန်းကို ကွန်ပလိုင်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့သည်။

 

သင်တန်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာလှိုင်ဘုန်းမြင့်က ဒေသခံတောင်သူများအနေဖြင့် မွေးမြူရေးလုပ်ငန်းများတွင် တိရစ္ဆာန်များမှ လူသို့ ကူးစက်တတ်သော ရောဂါများ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးနှင့် ရောဂါကင်းရှင်းပြီး ဘေးကင်းသောမွေးမြူရေး ထုတ်ကုန်များ ထုတ်လုပ်နိုင်စေရေး ဆောင်ရန်၊ ရှောင်ရန် နည်လမ်းများအား သင်တန်းပို့ချပေးခဲ့ပြီး အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၅၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

မြင့်မြင့်ခိုင်(ပြန်/ဆက်)