လေးမျက်နှာ  ၂၇  ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၁)အုပ်စုအတွက် စွမ်းအားမြှင့်မီးဖို အလုံး ၉၀၀၀ ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဖြန့်ဝေပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ သိရသည်။

 

စိုက်ပျိုးရေးဉီးစီးဌာနနှင့် ကိုရီးယားရာသီဥတု ပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော စွမ်းအားမြှင့် မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်း အကောင်အထည်ဖော်မည့်သူများအား မီးဖိုဖြန့်ဖြူးခြင်းကို Batch(A) အတွက်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရှိသေးသော ကျေးရွာအုပ်စု (၂၁) အုပ်စု၊ ကျေးရွာခွဲ(၁၀၄)ရွာ၊ အိမ်ထောင်စုပေါင်း (၉၀၀၀) အတွက် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှစတင်၍ ကျေးရွာများအရောက် ဖြန့်ဝေပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် အပြီးသတ် ဖြန့်ဝေပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနရုံးမှ သိရသည်။

 

ရွှေမိုး(ပြန်ဆက်)