နေပြည်တော် ၂၇ ဖေဖော်ဝါရီ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ၁၄ ရက်မြောက်နေ့သို့ လွှတ်တော်ကိုယ်စားလှယ်များမှတဆင့် လာရောက်လေ့လာကြသည့် ပြည်သူများ စုစုပေါင်း (၃၁၂) ဦး တက်ရောက်လေ့လာကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ လွှတ်တော်သို့ လာရောက်လေ့လာသူပေါင်း (၆၄,၈၉၀) ဦးရှိပြီး လွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ (၃)ရက် ကြိုတင် ပေးပို့နိုင်ပါကြောင်း သတင်းရရှိသည်။
သတင်းစဉ်


