နေပြည်တော် ၂၇ ဖေဖော်ဝါရီ

 

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် (၁၁-၃-၂၀၂၀) ရက်နေ့မှ (၂၀-၃-၂၀၂၀) ရက်နေ့အတွင်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အမြန်လမ်းမကြီးများ၊ အဝေးပြေးလမ်းမကြီးများ၊ မြို့တွင်းလမ်းများနှင့် မြို့ရှောင်လမ်းများတွင် ဖြတ်သန်းမောင်းနှင်မည့် မော်တော်ယာဉ်များအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းနှင့်အညီ မောင်းနှင်ကြရန်နှင့် အရှိန်လျှော့ မောင်းနှင်ကြရန်အတွက် အသိပေး ကြေညာအပ်ပါသည်။

 

နေပြည်တော်ကောင်စီ