မင်းဘူး  ၂၈  ဖေဖော်ဝါရီ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီ (မကွေးတိုင်းဒေသကြီး) ၏ အနည်းဆုံးအခကြေးငွေ အဆိုပြု နှုန်းထားတင်ပြနိုင်ရေး အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာကော်မတီ (မကွေးတိုင်းဒေသကြီး) ဉက္ကဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားရေးရာဝန်ကြီး ဉီးမြင့်ဆွေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီ (မကွေးတိုင်းဒေသကြီး) အတွင်းရေးမှူး အလုပ်သမားညွှန်ကြားရေးဉီးစီးဌာန၊ တိုင်းဒေသကြီးဉီးစီးမှူး ဉီးကိုကိုလင်းမှ အနည်းဆုံးအခကြေးငွေနှင့် ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာကြသော အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စားလှယ် (၆)ဉီးတို့မှ အသီးသီး တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ အခမ်းအနားသို့ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ မကွေးတိုင်း ဒေသကြီးကော်မတီဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်များမှ တာဝန်ရှိသူများ၊ အလုပ်ရှင်(သို့မဟုတ်) အလုပ်ရှင်အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသူ စုစုပေါင်း(၁၀ဝ)ဉီးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ 

ကျော်စိုးဝင်း(မင်းဘူး)