မြိတ်  ၂၈ ဖေဖော်ဝါရီ 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများအတွက် ဆေးဆိုင်များအား ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်အညီ ရောင်းချခြင်းရှိမရှိကို တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြိတ်ခရိုင် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ဌာနဆိုင်ရာတာဝန်ရှိသူများသည်   ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲက မြိတ်မြို့ရှိ ဆေးဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး အသိပညာပေးခဲ့ကြသည်။

 

a

 

စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးရာ၌ ဆေးဆိုင်များတွင် ဆေးဝါးရောင်းချခွင့်လိုင်စင်ရှိမရှိ၊ သက် တမ်းလွန်ဆေးဝါး၊ တရားမဝင်ဆေးဝါး၊ ဆေးဝါးအတု၊ စံမညီဆေးဝါး၊ စပ်ဆေးများ ရောင်းချခြင်းရှိမရှိတို့ကို ဆေးဆိုင်(၉)ဆိုင်အား ရှောင်တခင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြရာ ဆေးဆိုင်တစ်ဆိုင်တွင် သက်တမ်းလွန် ဆေးဝါး (၉)မျိုး တွေ့ရှိခဲ့၍ ၄င်းတို့အားသိမ်းဆည်းခဲ့ပြီး နောက်နောင်ရောင်းချမှုမရှိစေရေးအတွက် ခံဝန်လက်မှတ် ရေးထိုးစေခဲ့ပြီး အသိပညာပေးခဲ့ကြကြောင်း သိရသည်။ 

 

a

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)