ဖာပွန်  ၂၈ ဖေဖော်ဝါရီ 


ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ "ကြိုတင်ကာကွယ်ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)  ဆွေးနွေးပွဲကို ခရိုင်ပြန်ဆက်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။


အဆိုပါပြည်သူ့စကားဝိုင်းကို ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေလင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါက်တာငြိမ်းချမ်းမောင်မောင်၊ သူနာပြုဆရာမ ဒေါ်သီသီသင်းနှင့် သားဖွားဆရာမ ဒေါ်နော်စေးနေမူးတို့က ဦးဆောင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်ပါဝင်ဆွေးနွေးနိုင်ကြောင်း သိရှိရသည်။


စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်/ဆက်)