နေပြည်တော် ၂၈ ဖေဖော်ဝါရီ
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်) အမှတ်စဉ် (၂၀) သွားတုလုပ်ငန်း ကျွမ်းကျင်မှု ဒီပလိုမာ သင်တန်းနှင့် အမှတ်စဉ် (၂) သွားကျန်းမာရေးသူနာပြု ဒီပလိုမာသင်တန်း အောင်လက်မှတ် အပ်နှင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ် ရွှေရတုခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာရွှေတိုးက သင်တန်းသား သင်တန်းသူ စုစုပေါင်း (၂၂) ဦးတို့အား အောင်လက်မှတ်များ အပ်နှင်းခဲ့ကြောင်း သိရသည်။
မောင်မောင်မျိုး


