ဒလ ၂၈ ဖေဖော်ဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် စုပေါင်းရဟန်းခံ ရှင်ပြု အလှူတော်ကြီး ကျင်းပပြုလုပ်မည်ဟု သိရသည်။

 

အဆိုပါ ရဟန်းခံ ရှင်ပြု စုပေါင်းအလှူတော်ကြီးအား အောင်မေတ္တာဆရာတော် ဘဒ္ဒန္တဧသိက၊ ချင်းတောင်တန်း ဆရာတော် ဒေါက်တာ တေဇောသာရ တို့၏ ဩဝါဒကို ခံယူ၍ မာတာသွေး အရှင်တေဇိန္ဒ(မာတာသွေး အလှူရှင်အသင်း နာယက)မှ ဦးဆောင်ကာပရဟိတ အသင်းများနှင့် (၇) ရက်သား သမီးကုသိုလ်ရှင်များ စုပေါင်းပြုလုပ် ကျင်းပမည်ဟု သိရသည်။

 

အလှူတော်တွင် ရဟန်း ရှင်(၁၁၀)ပါးတို့အား သာသနာ့ဘောင်သို့ သွတ်သွင်းမည်ဖြစ်ပြီး၊ရဟန်း/ ရှင်ဝတ်လိုသူများ၊ ကုသိုလ်တော် ပါဝင်လှူဒါန်းကြလိုသူများအနေဖြင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

စုပေါင်း ရဟန်းခံ ရှင်ပြု အလှူတော်ကြီးတွင် ကုသိုလ်အလှူတော်အဖြစ် ရဟန်းတစ်ပါးလျှင် ငွေကျပ် ၅၀ဝ၀ဝ ၊ ရှင်တစ်ပါးလျှင် ငွေကျပ် ၃၅၀ဝ၀ နှုန်း လှူဒါန်းခြင်းဖြင့် ရဟန်းဒါယကာ ရှင်ဒါယကာ ခံယူနိုင်ကြောင်း သိရသည်။

 

အလှူတော်ကြီးအား ကမာကဆစ်ရပ်ကွက် ကမာကဆစ်ပရဟိတ အနောက်ကျောင်းတိုက် နှစ်ထပ် ကျောင်းဆောင်သစ်ကြီးတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဧပြီ (၄ ရက်(စနေနေ့)တွင် ရှင်လောင်းလှည့်၍ ဧပြီလ ၅ ရက်(တနင်္ဂနွေ)တွင် ရဟန်းခံ ရေစက်ချတရားတော်နာ ပြုလုပ်မည်ဟု သိရသည်။

 

ဒလမြို့နယ်တွင် ကျင်းပပြုလုပ်မည့် အပါး(၁၁၀) စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော်ကြီးတွင် ပါဝင်လှူဒါန်း၍ ရဟန်းဒါယကာ ရှင်ဒါယကာပြလိုသူများ ရဟန်း/ရှင် ဝတ်လိုကြသူများသည် ဆရာတော် ဥူးဧသိက ဖုန်း-ဝ၉ ၅၀၆၇၁၃၉ ၊အရှင်တေဇိန္ဒ ဖုန်း- ဝ၉ ၄၂၁၀၂၉၉၄၅ ၊ကိုဇေကြီး ဖုန်း-ဝ၉ ၂၅၀ဝ၅၃၆၅၆ ၊ကိုခင်ဇော်ထွေး ဖုန်း- ဝ၉ ၇၉၉၉၂၇၆၈၆၂ ၊ ကိုဝင်းရွှေ ဖုန်း-ဝ၉ ၄၂၁၀ဝ၉၂၁၅၊ ကိုထွန်းကျော်သူ ဖုန်း-ဝ၉ ၂၅၄၁၀၉၀၉၃ များသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

မောင်ယဉ်ဦး(ဒလ)