ညောင်ရွှေ ၂၈ ဖေဖော်ဝါရီ      

 

အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ရေးဆွဲရေးအတွက် ကနဦးလေ့လာဆန်းစစ်ခြင်းအဖြစ် ဆောင်ရွက်မည့်လုပ်ငန်းများအား ချပြရှင်းလင်းခြင်းနှင့် ဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက ညောင်ရွှေမြို့ ကမ်းနားလမ်းရှိ အင်းလေးကန်ဒေသ အုပ်ချုပ်ရေး အဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည်။

 

2

           

ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အစိုးရဖွဲ့ဝင် အင်းသားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က အမှာစကားပြောကြားပြီး နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာအေဂျင်စီမှ Mr. Rob Mcinnes နှင့် Mis Vibeke Husby, NEA တို့က စီမံကိန်းနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းပြောကြား ကြသည်။

 

6

           

ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းနှင့် တက်ရောက်လာသူများက စီမံကိန်းရေးဆွဲရေးနှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးကြပြီးနောက် သစ်တောဦးစီးဌာန၊ အင်း လေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးက လုပ်ငန်းဆောင်ရွက်မည့် အစီ မံများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

 

စိုင်းအယ်ဘဲ