နေပြည်တော် ၂၈ ဖေဖော်ဝါရီ
ပြန်ကြားရေးဝန်ကြီးဌာန နှင့် The Asia Foundation တို့ ပူးပေါင်းဖွင့်လှစ်သည့် ပြည်သူ့ရေးရာ မူဝါဒ(Public Policy)နှင့် အခြေခံလူမှုရေးသုတေသနနည်းစနစ် (Basic Socal Research Methodology) သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲ၌ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ် နှင့် The Asia Foundation မှ နည်းပြ ဦးခိုင်မင်း (Executive Director)တို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် သင်တန်းနည်းပြ ဒေါ်နီလာမြိုင် (Program Consultnat) က သင်တန်းသူတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
ပြည်သူ့ရေးရာမူဝါဒနှင့် အခြေခံလူမှုရေးသုတေသနနည်းစနစ် သင်တန်းကို ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ သင်တန်းသား (၃၁) ဦးတက်ရောက်ကြကြောင်း သိရသည်။
ကျော်ကြီး (MNA)


