ဓနုဖြူ  ၂၉   ဖေဖော်ဝါရီ  

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့အာယုဒါန ကျန်းမာရေးစောင့်ရှောက်မှုအသင်း၏ ဦးစီးဆောင်ရွက်မှုဖြင့် ဓနုဖြူမြို့နယ် အတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသ ပေးခြင်းကို  ဖေဖော်ဝါရီ  ၂၈ ရက် မွန်းလွဲ  ၂ နာရီက စတင်၍ ဓနုဖြူမြို့၊ အမှတ်( ၇ )ရပ်ကွက်၊ ဈေးပိုင်းဓမ္မာရုံ၌ စမ်းသပ်စစ်ဆေးပေးခဲ့သည်။

ဓနုဖြူမြို့နယ်အာယုဒါန ကျန်းမာရေးစောင့်ရှောက်မှုအသင်း၏ ဦးစီးဆောင်ရွက်မှုဖြင့် အခမဲ့ စမ်းသပ်ကုသပေးခြင်းဖြစ်ကာ ယခုအကြိမ်သည်   ဒုတိယအကြိမ်မြောက် ကုသပေးခြင်းဖြစ်ပြီး မျက်စိ ဝေဒနာများ ကုသပေးရာတွင် မျက်စိအထူးကုဆရာဝန်ကြီး များနှင့် စမ်းသပ်ကုသပေး၍ မျက်စိဝေဒနာရှင် ၂၀ဝ ဦးကျော် ခွဲစိတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

‌ေ

 

ဓနုဖြူမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသပေးခြင်းကို ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၂ ရက်နေ့အထိအခမဲ့စမ်းသပ်ကုသ ပေးသွားမည်ဖြစ်သည်။

ထက်ဝေဖြိုး