မန္တလေး ၂၉ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်ပံ့ပိုးကူညီမှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်မည့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲနှင့် မြန်မာ GAP အသိအမှတ်ပြုလက် မှတ် ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၉ နာရီက ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းနှင့် ၇၃ လမ်းထောင့်ရှိ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက စားသုံးသူများကို ဘေးအန္တရာယ်ကင်းရှင်းသည့် အစားအသောက်များရရှိနိုင်ရန်၊ တောင်သူများ၏ထုတ် ကုန်များအထွက်တိုးရန်၊ ဈေးကွက်တွင် ရောင်းပန်းလှစေရန် ရည်ရွယ်၍ GAP စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ရန် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီး ဌာနတိုင်းဦးစီးမှူးက ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက တိုင်းအတွင်းရှိ ကျေးရွာ ၁၀ ရွာဖြစ်သော မတ္တရာမြို့နယ် သပြေပင်ကုန်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ပုံနှစ်၊ စဉ့်ကိုင်မြို့နယ်ရှိ စော်ရဲ၊ သာစည်မြို့နယ်ရှိ ကုန်းတောင်၊ မလှိုင်မြို့နယ်ရှိ သပြေပင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ညောင်တို၊မြင်းခြံမြို့နယ်ရှိ ရွှေပေါ်ကျွန်း၊ ငါန်းဇွန်မြို့နယ်ရှိ ရွာဘို၊ ရမည်းသင်းမြို့နယ်ရှိ ကန်ဆွယ်နှင့် ပျော်ဘွယ်မြို့နယ်ရှိ မယ်ဇလီအိုင်ကျေးရွာများအား တစ်ရွာလျှင် ငွေကျပ်သိန်း ၃၀ဝ ဖြင့် ကျပ်သိန်း ၃၀ဝ၀ အား ကျေးရွာခေါင်းဆောင်များနှင့် စပါးသီးနှံ စိုက်ပျိုးသည့် တောင်သူ(၈)ဦးအား မြန်မာ GAP အသိအမှတ်ပြု လက်မှတ်ပေးအပ်သည်။
မောင်ပြည်သူ(မန္တလေး)


