ဝန်းသို  ၂၉   ဖေဖော်ဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထွက်ကုန်၊ ထုတ်ကုန်များကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် လျင်မြန်စွာရောက်ရှိစေရန် သယ်ပို့ပေးနိုင်မည့်လမ်းများ ဖြစ်ပေါ်လာစေရေး အောင်းကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းအား ၁၂ ဒသမ ၃၂ သန်းဖြင့် ဖောက်လုပ်လျက်ရှိကြောင်း  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။ 

အောင်းကုန်းကျေးရွာ ကုန်ထုတ်လမ်းမှာ အရှည်ပေ ၁၉၀ဝ ၊ အကျယ်ပေ ၁၂ ပေ နှင့် ထု ၁ ပေ ၉ လက်မဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ၎င်းလမ်းဆောင်ရွက်ပြီးပါက ယင်းလမ်းကို အသုံးပြုကြသော ကျေးရွာ ၉ ရွာမှ လယ်ယာမြေဧက ၃၃၀ အတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း ကပြောသည်။ 

မွှေးကြူဇင်