ရန်ကုန် ၂၉ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် အမှိုက်ကင်းစင်စေရေးအတွက် ရည်ရွယ်၍ ဒေသခံပြည်သူများနှင့် စေတနာရှင်ဝန်ထမ်းများ စုပေါင်းဆောင်ရွက်သည့် MPT Money ၏ သန့်ရှင်းခေတ်မီရှေ့သို့ချီ သန့်ရှင်းရေးလှုပ်ရှားမှု Clean Campaign ကို ယနေ့နံနက် ၇ နာရီက ဒလသင်္ဘောဆိပ်ကမ်းနှင့် ဗိုလ်ရန်ပြေရပ်ကွက်တို့၌ စုပေါင်းအမှိုက်ကောက်ပွဲကို ပြုလုပ်ခဲ့သည်။
စုပေါင်းအမှိုက်ကောက်ပွဲတွင် အမှတ်(၁)ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ အမှတ်(၂)ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်၊ ရန်ကုန်တိုင်းဒေသကြီး MPT ရုံးချုပ် မန်နေဂျာ ဦးကျော်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဒေါ်မြင့်မြင့်ကြည်နှင့် စည်ပင်သာယာရေးဝန်ထမ်းများ၊ သန့်ရှင်းရေးဝန်ထမ်းများ၊ MPT ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၅၀ဝ ခန့် တို့သည် ဒလသင်္ဘောဆိပ်နှင့် ဗိုလ်ရန်ပြေရပ်ကွက်အတွင်းရှိ လမ်းမကြီးများနှင့် လမ်းသွယ်များရှိ စွန့်ပစ်အမှိုက်များကို စုပေါင်းအမှိုက်ကောက်ခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)


