ကလော ၂၉ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင် ကလောမြို့နယ်တွင် One State - One Township Project အမှိုက်ကင်းစင်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါပြုံးကေသီနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦကျော်စန်းယု တို့ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ မြို့သန့်ရှင်းရေးကော်မတီဝင်များ ဒေသခံပြည်သူများ စုပေါင်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သော အမှိုက်ပုံးများအား ကလောမြို့တွင်းနှင့် ရပ်ကွက်များထဲရှိ လမ်းမကြီးဘေးဝဲယာတွင် အမှိုက်ပုံး တစ်ရာ့ရှစ်ဆယ်ပုံး လိုက်လံထားရှိပြီး အမှိုက်များအား စုပေါင်းအမှိုက်ကောက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကလောမြို့နယ်သည် အမှိုက်ကင်းစင်နယ်မြေဖြစ်ရေးအတွက် ပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရေးနှင့် ခရီးသွားဧည့်သည်များနှင့် ပြည်သူလူထုများ အမှိုက်ကို အမှိုက်ပုံးထဲသို့စနစ်တကျ စွန့်ပစ်တက်စေရန် အသိပညာပေးလက်ကမ်းစာစောင်များ ထုတ်ဝေခြင်းနှင့် မြို့ပေါ်နှင့် ရပ်ကွက်များတွင် အသိပညာပေးဆိုင်းဘုတ်များ တပ်ဆင်ခြင်း ဆောင်ရွက်ထားရှိပြီး မြို့နယ်သန့်ရှင်းအတွက် အမှိုက်ပုံးများချထားခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်းဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုလမ်းတွင် အမှိုက်ပုံး ၇၀၊ ကုန်သည်လမ်း ၈ ပုံး၊ မင်းလမ်း ပုံး ၂၀၊ ဘူတာလမ်း ၁၆ပုံး၊ နာရီစင်မှဘူတာလမ်း ၆ ပုံး နာရီစင်မှ လယ်ယာဖွံ့ဖြိုးရေးဘဏ် လမ်းဆုံ ၆ ပုံး ၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ Green Haven ဟိုတယ်ထိ ၈ ပုံး၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အထက(၂) လမ်းဆုံ ၁၀ ပုံး၊ အနောက်မြို့ပတ်လမ်း၊ မြက်ရဲအင်းလမ်း၊ နှီးဘုရားလမ်း၊ မုဒိတာလမ်းမှမင်းလမ်းဆုံတို့တွင် ၃၆ ပုံး စုစုပေါင်းအမှိုက်ပုံး တစ်ရာ့ရှစ်ဆယ်ပုံးချခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ကလော)


