လွိုင်ကော် ၂၉  ဖေဖော်ဝါရီ

 

ပြည်နယ်အတွင်းရှိ လူငယ်၊ လူရွယ်များအတွက် အင်ဂျင်နီယာဆိုင်ရာ ဘာသာရပ်များလေ့လာဆည်းပူး သင်ယူနိုင်ရေး၊ နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာနှင့်သက်မွေးပညာ ကဏ္ဍများအတွက် အထောက်အပံ့ကောင်းများ ဖြစ်စေရေးအတွက် ရည်ရွယ်၍ ကယားပြည်နယ် အစိုးရ စက်မှုလက်မှုသိပ္ပံ (လွိုင်ကော်) ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက  အဆိုပါကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

 

mdn

 

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တက်ရောက် အမှာစကားပြောကြားခဲ့သည်။

 

ယင်းနောက် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများက ကျောင်းအတွက် လိုအပ်ချက်များကို တင်ပြကြသည်။

 

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြည့်ဆည်းပံ့ပိုး ဆောင်ရွက်ပေးမည့် အခြေအနေများ၊ သက်ဆိုင်ရာအဆင့်ဆင့်သို့ ဆက်လက်တင်ပြဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းဖြေကြားခဲ့သည်။

 

ယင်းနောက် အစိုးရစက်မှုလက်မှုသိပ္ပံ (လွိုင်ကော်) ကျောင်းဆောင်သစ်အား ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကယားပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ အစိုးရစက်မှုလက်မှုသိပ္ပံ (လွိုင်ကော်) ကျောင်းအုပ်ကြီးနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများက ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

mdn

 

အခမ်းအနားသို့ ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်  ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များနှင့်ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ထွန်းလေး

 

mdn

 

mdn