ရေစကြို ၁ မတ်
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင် လယ်ယာမြေဧက ၆၃၇၆ ဧက အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်မှု ၈၂ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းသည် လမ်းအရှည်ပေ ၅ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ၊ ၉ လက်မ မြေနီကျောက်စရစ်ခင်း အမျိုးအစားဖြစ်ပြီး ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံ ငွေကျပ် ၁၂၃ ဒသမ ၅၃၃ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးသွားပါက ရေစကြိုမြို့နယ် ငတရောက်ကျေးရွာ၊ မိုးကွဲကျေးရွာ၊ ကံဦးကျေးရွာ၊ တောင်ကုန်းကျေးရွာ၊ မဲကုန်းကျေးရွာနှင့် မိဖုရားကျေးရွာ တို့မှ ဒေသခံတောင်သူ ၁၆၆၁၄ ဦး၏ လယ်ယာမြေ ဧက ၆၃၇၆ ဧက အား လယ်ယာကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုနိုင်မည့်အပြင် လယ်ယာမြေများမှ ထွက်ရှိသော သီးနှံထွက်ကုန်များကို ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှမှ သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


