သုံးခွ ၁ မတ်
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကျွဲတဲကုန်းကျေးရွာတွင် ယမန်နေ့ နံနက် ၉ နာရီက အသက် ၁၀ နှစ်နှင့် အသက် ၁၈ နှစ်ပြည့်ပြီးသော နိုင်ငံသားအရည်အချင်းပြည့်မီသူ ကျောင်းသား ကျောင်းသူများနှင့် ကျေးရွာသူ ကျေးရွာသားများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သုံးခွမြို့နယ် လက်ထောက်ဦးစီးမှူး ဦးသက်ပိုင်ဝင်း က နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင်လိုအပ်မည့် အချက်အလက်များ၊ နိုင်ငံသားကတ် ကိုင်ဆောင်ခွင့်ရရှိပါက ရရှိမည့်အခွင့်အရေးများနှင့် အကျိုးကျေးဇူးများ၊ နိုင်ငံသားကတ်ပြား ပျောက်ဆုံးပျက်စီးမှုမဖြစ်အောင် စနစ်တကျကိုင်တွယ် ထိန်းသိမ်းရမည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်မည့်သူများထံမှ အချက်အလက် အထောက်အထားများအား စစ်ဆေးစိစစ်ပြီး လူဦးရေ ၁၂၀ ကျော်တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)


