မင်းကင်း   ၁  မတ်

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့တွင် " အဆုတ်ရောင်ရောဂါ (2019-nCoV)ကာကွယ်ပါ" အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်အတွင်းရှိ မြို့မစည်ပင်ဈေးအတွင်း ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပြီး စည်ပင်ဈေးအတွင်း ရောင်းဝယ်နေကြသော မိဘပြည်သူများအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

ချင်းတွင်းသား

 

k

 

j

 

i