နောင်တရား ၁  မတ်


ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ် အလွတ်တန်းဖိတ်ခေါ် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို  ယနေ့ နံနက် ၁၁ နာရီခွဲက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေး ကွင်း၌ ပြုလုပ်ခဲ့သည်။


အဆိုပါ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပင်လောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်လှဆန်းနှင့် ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။


ပြိုင်ပွဲတွင် အမျိုးသားဘောလုံးပြိုင်ပွဲဝင် အသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပြိုင်ပွဲကို မတ် ၁ ရက်မှ ၈ ရက်နေ့အထိ ကျင်းပပြုမည်ဖြစ်ပြီး ယနေ့တွင် ရေဦး FC နှင့် မြောက်ထီဗွာအသင်းတို့ စတင်ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။


ခွန်အောင်(ပြန်/ဆက်)